ဟန်သစ်နိုင် - နော်လှလှစိုး ရန်ကုန်ခရိုင် စည်ပင်ရွေးကောက်ပွဲ ၀င်မည် (မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၄ ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပမည့် မြို့တော်စည်ပင်သာယာရေး ရွေးကောက်ပွဲတွင် ရန်ကုန်မြောက်ပိုင်းခရိုင် စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲမှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း နော်လှလှစိုး (ခ) စူဇန်နာက  နိုဝင်ဘာ ၂၁ရက် ရန်ကုန်မြို့ ၃၆လမ်း MJN ခမ်းမတွင် ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ မြို့တော်စီမံကိန်းများလုပ်ဆောင်ရာတွင် စစ်တမ်းသည်အရေးကြီးသည့်အတွက် လူဦးရေအနည်းအများအပေါ်မူတည်ပြီး စိမ်းလန်းစိုပြည်ရေးနှင့် ပန်းခြံများအရေအတွက်ကို လုပ်ဆောင်ရပြီး ကျွမ်းကျင်ပညာရှင်များနှင့် လက်တွဲရမည်ဖြစ်ကြောင်း၊ ကမ္ဘာနိုင်ငံများတွင် လူဦးရေနှင့် ကားစီးရေ သည် မြန်မာနိုင်ငံထက် ပိုများပြားသော်လည်း ကြပ်တည်းခြင်းမရှိသည့်ပုံစံမျိုး ကို ပြင်ဆင်ရမည်ဖြစ်ကြောင်း၊  ဒီဇင်ဘာ ၂၇ရက်နေ့တွင်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကျင်းပမည့်ရွေးကောက်ပွဲကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့တော်အဆင့်များတွင် […]

Read more of this post