မောင်မောင်လတ် (ရွှေအင်းလေး) - တချိန်က .. ကားကြီးတစီး. .... (မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၄ တပျော်ကြီး ပျော်ကြမယ်လို့ တမျှော်ကြီး မျှော်လိုက်ရလို့ တန်ဆောင်တိုင်ပွဲတော်ကြီး ပြီးသွားခဲ့ပြီပေါ့။ ဒီတနှစ်.... တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲနဲ့ လွိုင်လင် မီးပုံးပျံပွဲအကြား.. စိတ်ကော ကိုယ်ပါ စုံနှစ် စီးဝင်ပြီး လူးလား ကူးခပ်  စုန်ချီ ဆန်ချီ   ခေါက်တုန့်ခေါက်ပြန် သွားလာခဲ့လို့ အမောကြီး မောနေရောပေါ့...။ ရောင်စုံ ဖြာထွက်လာမဲ့ မီးရှူး မီးပန်း အလှတွေကို   ရင်ခုန်စေမဲ့ရှမ်းအိုးစည်နဲ့အပြိုင် ကခုန်မြူးတူးစေချင်တဲ့ဆန္ဒရယ်..... အစိုးမရတဲ့ မိုး သား မိုးရိပ်တွေ ကိုရင်မောစေလို့ သောက အမောတွေရယ်... တူနှစ်ကိုယ်ရယ်ထဲ အားပေးကြည်နူးစေချင်တဲ့ဆုတောင်းရယ်ဆိုတဲ့ ရင်ထဲက  အမောက အမောတကာ့ အမောဆုံးပါဘဲလေ ....၊၊ […]

Read more of this post