တူမောင်ညို - ရှင်ကြီးဆိုးနဲ့ ကျားငစဉ်းလဲအကြားတွင် ခယဝပ်တွား၊ ဗျာများနေသောသူများ လွတ်မြောက်ရေး  (မိုးမခ) ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက် ဗိုလ်ရွှေမန်းနှင့်ဗိုလ်သိန်းစိန်အင်တာဗျူးရှေ့ဆင့်နောက်ဆင့်ဆိုသလို ထွက်လာသည်။ ပြောစကားတွေနဲ့ လေသံကိုယှဉ်ကြည့် လိုက်လျှင် ဗိုလ်သိန်းစိန် နားတော့မည်ဆိုတဲ့ အချက်ကို လူတိုင်းလွယ်လွယ် ကောက်ချက်ချနိုင်ပါလိမ့်မည်။ ကြံ့ဖွံ့ပါတီထဲ၌ ဗိုလ်ရွှေမန်းကို ယှဉ်ပြီး ၂၀၁၅ တွင် သမ္မတအဖြစ် အရွေးခံမည့်သူမရှိသည်မှာ ထင်ရှားသည်။ ဗိုလ်သိန်းစိန် ကားသူ၏ နောက်ဆုံးနေ့များတွင် ဗိုလ်ရွှေမန်းပီပီပြင်ပြင်ကနိုင်ဖို့ ဇာတ်ပို့နိုင်မည့်အကွက်များကိုသာ အပြန်အလှန် အတိုင်အဖောက် ညီညီ သရုပ်ဆောင်ပေးသွားတော့မည်မှာ ထင်ရှားနေသည်။ ဗိုလ်ရွှေမန်းပြောစကားတွေထဲတွင် ရှင်းရှင်းလင်းလင်းပြောသည့် အချက် ၂ ခုသာတွေ့ရသည်။ -     ၂၀၁၅ ရွေးကောက်ပွဲကို တည်ဆဲ "၂၀၀၈ အခြေခံဥပဒေ"  အတိုင်းသာ ကျင်းပသွားမည်။ […]

Read more of this post