ညိုထက်ညို - ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ (မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၄ ကျွန်တော် ဟိုးငယ်ငယ် လူမှန်းသိတတ်စကတည်းက မြန်မာကလေး အတော်များများရဲ့ထုံးစံ ဘောလုံး စ၀ါသနာပါခဲ့ပါတယ်။ ပန်းဆိုးတန်း လမ်းမကြီးရဲ့ အာဖရိကက အမည်းရောင်ကျောက်ပြားကြီးတွေခင်းထားတဲ့ ပလက်ဖောင်းတွေပေါ်မှာ ကျွန်တော် ကော်ဘော လုံး၏ကလေးနဲ့ ကျွန်တော့် ကလေးဘ၀ ကို ဖြတ်သန်းခဲ့တယ်။ အဲဒီတုန်းက မဆလခေတ်။ မြန်မာလက်ရွေးစင်အသင်းက အဲဒီအချိန်မှာ "ဒူ" နေတယ်။ ကျွန်တော်တို့ ဘောလုံးပရိသတ်တွေ အဓိကထား အားပေးကြရတာ ပြည်နယ် နှင့်တိုင်း ဘောလုံးပြိုင်ပွဲတွေ။ ကျွန်တော်က ရန်ကုန်တိုင်း ပရိသတ်.... ယဉ်ထွေး၊ ၀င်းအောင်၊ လှမိုး၊ အောင်ထွန်းထွန်း၊ မြင့်ဇော်၊ စောလွင်၊ နောက် မျိုးလှိုင်ဝင်း။ ပြည်နယ် နှင့် တိုင်းအသီးသီးက ဘောလုံးသမားတွေ။ […]
Read more of this post
No comments:
Post a Comment