ရန်နောင် (ဗိုလ်တထောင်) အေခ၏ ကျွန်တော်နှင့် ချစ်ပြုံးနှင်းဆီ (မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၄ စာရေးဆရာအေခ၏ ကျွန်တော်နှင့်ချစ်ပြုံးနှင်းဆီစာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် (၃၅) လမ်း အလယ်ဘလောက်ရှိ ပေါ်ပြူလာဂျာနယ်တိုက် အပေါ်ဆုံးထပ်တွင် ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၂၁) ရက် စနေနေ့ နေ့လည် (၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားမှူးအဖြစ် ကဗျာဆရာစောဝေမှဆောင်ရွက်ခဲ့ပြီး ကဗျာဆရာ အကယ်ဒမီ မြင့်ဦးဦးမြင့်၊ ကဗျာဆရာ သူရဇော်၊ ကဗျာဆရာ ကေဇော်နှင့် စာရေးသူ အေခကိုယ်တိုင် အမှတ်တရစကားများ ပြောကြားခဲ့ကြသည်။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) နောက်ခံ လုံးချင်းဝတ္ထုသစ် ကျွန်တော်နှင့် ချစ်ပြုံးနှင်းဆီကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ ပုံနှိပ်ပြီး မျက်နှာဖုံးနဲ့ အတွင်းအပြင် အဆင်ကို စာရေးသူကိုယ်တိုင်ဖန်တီထားကာ […]
Read more of this post
No comments:
Post a Comment