ထူးထူး (တောင်ငူ) - နယူးဇီလန်ဆေးရုံ (သို့မဟုတ်) ….. (မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၄ အခန်း (၁) ဘယ်ဘ၀ကရှေးရေစက်တွေရှိခဲ့၊ ပြုခဲ့ဘူးလဲတော့မသိ- မြန်မာပြည်မြေပြန့်တနေရာကသာလှနဲ့ရွှေမိ၊ ရွာလည်ရင်းကမ္ဘာ့တောင်ဝင်ရိုးစွန်းနားကနယူးဇီလန်ဆိုတဲ့နိုင်ငံလေးကိုဘေးမသီရန်မခဘဲရွှေ့ပြောင်း အခြေချနေထိုင်ခဲ့ကြပါတယ်။ ရွှေမိကတော့ရောက်ပြီးမကြာခင်ဘဲအလုပ်ရခဲ့ပါတယ်။ လုပ်ငန်းခွင်ထဲမှာ ပျော်နေတဲ့ရွှေမိတယောက် (၂) နှစ်လောက်လုပ်ငန်းခွင်ထဲဝင်ပြီး၊ အားလုံးအစစအရာရာ အဆင်ပြေ ချောမွေ့နေကာမှ သာလှနဲ့ရွှေမိတို့ဘ၀ထဲကိုသမီးလေးတယောက် ရောက်လာခဲ့ပါတယ်။ သမီးကိုယ်ဝန်လရင့်လာတာနဲ့အမျှ ရွှေမိလည်းအလုပ်ကနေအနားယူပြီး၊ အိမ်မှာပဲနားနေရင်း အိမ်တွင်း ပုန်း လုပ်နေခဲ့ပါတယ်။ ကိုယ်ဝန် (၆) လမှာ ရွှေမိတယောက် ဆီးချို၊ သွေးချိုတွေတတ်နေလို့ သားဖွား-ဆရာမက ဆေးရုံကိုလွှဲပါတော့တယ်။ ဆေးရုံကိုသွားရမယ်ဆိုတော့ တောသူတောင်သားတွေဖြစ်တဲ့ သာလှနဲ့ရွှေမိ ခဗျာ ကြောက်လန့်ပြီး စိတ်ပူပင်၊ ဖိစီးမှုအချို့မဖိတ်ခေါ်ဘဲ သူ့အလိုလို ရောက်လာခဲ့ပါ တယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့ သာလှ ကတော့ဖြစ်ချင်တာဖြစ်ကွာ၊သန်းခေါင်ထက်တော့၊ ညဥ့်မနက် […]

Read more of this post