ရန်နောင် (ဗိုလ်တထောင်) - ပထမအကြိမ် သက်ကြီးသတင်းစာဆရာကြီးများအား သက်ကြီးပူဇော်ပွဲကျင်းပ (မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၄ မြန်မာနိုင်ငံသတင်းစာဆရာအသင်းရဲ့ ပထမအကြိမ် သတင်းစာဆရာ သက်ကြီးပူဇော်ပွဲကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ (၂၂) ရက် စနေနေ့ နံနက် (၉) နာရီ က ရန်ကုန်မြို့ မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ သက်ကြီးသတင်းစာပူဇော်ပွဲသို့ နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့ခဲ့ပြီး  နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးပိုက်ထွေး၊ ယဉ်ကျေးမှု ဒုတိယဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ သူရဦးအေးမြင့်၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် စသူတို့ တက်ရောက်ခဲ့ကြပါတယ်။ ရှေးဦးစွာ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးကိုကို (ကိုကို- […]

Read more of this post