မောင်ရစ်  - ပြည်သူနဲ့ နိုင်ငံရေးစနစ်တို့၏ လမ်းခွဲ အယ်ဒီတာ့လက်ရေး၊ နိုဝင်ဘာ ၂၆၊ ၂၀၁၄ သြဂုတ်လ ၉ ရက် ည၊ အမေရိကန်နိုင်ငံ၊ မီဆိုရီပြည်နယ်၊ ဖာဂူဆန်မြို့မှာ လူဖြူ ရဲသားက လက်နက်မဲ့ ၁၈နှစ်အရွယ် လူမည်းတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့သည်။ အကြောင်းပြချက်မှာ မသင်ကာသဖြင့် လမ်းမှာ ရပ်တန့်စစ်ဆေးရာ လူမည်းက အကြမ်းဖက်ရန်ပြုသဖြင့် မိမိအသက်ကို ကာကွယ်ခြင်း အလို့ငှာ ပစ်သတ်လိုက်ရသည်ဟူ၏။ သို့သော်လည်း ထိုဖြစ်ရပ်မှာ ပြီးပျောက်မသွားဘဲ အမေရိကန်တပြည်လုံးအနှံ့ အုံကြွ ဆန္ဒပြ ဆွေးနွေး ငြင်းခုံရသည့် အရေးအခင်းဖြစ်လာခဲ့ရသည်။ အဓိကခေါင်းစဉ်ကား လက်နက်ကိုင် လူဖြူ အာဏာပိုင်တို့က လက်နက်မဲ့ လူမည်းနှင့် အခြား လူနည်းစုများအပေါ် အကြမ်းဖက် အနိုင်ကျင့် သတ်ဖြတ်နေမှုများ […]

Read more of this post