ကိုသန်းလွင် - စစ်မျိုးဆက်အတွက် သမိုင်းသင်ခမ်းစာများ (မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၄ (၁) To err is human ဟုဆိုသည်၊ လူဆိုသည်မှာ အမှားနှင့် မကင်းပေ၊ အမှားလုပ်မိတာကကိစ္စမရှိ၊ အမှားလုပ်မိတာ ကိုသိရမည်၊ နောက်တခါ ထိုဆင်တူအမှားမျိုး ထပ်မံမမှားစေရ၊ မိမိအမှားအတွက် ပြုပြင်ရန်တာဝန်သိရမည်၊ တောင်းပန်ရန်လိုအပ်လျင် တောင်းပန်ကြရမည်၊ အမှားဆိုသည်မှာ နဲတာနှင့်များတာသာကွာသည်၊ အမှားပြုပြင် ရခြင်းအတွက်မူ ရှက်စရာမလို၊ ဖုံးကွယ်ရန်လည်းမကျိုးစားသင့်ပေ၊ အခုကျွန်တော်တို့ မြန်မာနိုင်ငံသည် ခေတ်ပြောင်းတော်လှန်ရေးကြီး တရပ်ဆင်နွှဲနေချိန်ဖြစ်ပါသည်၊ အမှောင်ကျ နေသော အခြေအနေမှ ရုန်းထွက်လာပြီး အကောင်းဘက်ကိုဦးတည်နေကြသည့်အချိန်ဖြစ်ပါသည်၊ အစိုးရက ထိန်းချုပ်မှုတွေကို တခုပြီးတခုလွှတ်ပေးနေသည်၊ ပြည်သူတို့သည် လွတ်လပ်သော စီးပွားရေး စံနစ်၏ အသီး အပွင့် တို့ကို ခူးဆွတ်ရန် တာစူနေကြသည့်အချိန်ဖြစ်ပါသည်။ တနည်းဆိုသော် […]

Read more of this post