မောင်စိုးချိန် - နေ၀န်း ခွပ်ဒေါင်း အလံများနှင့်အတူ .... (မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၄ လူတွေ လူထုတွေ အရှင်လတ်လတ် သားကောင်ဘ၀ရောက် အနည်းဆုံး ကျွန်အဖြစ်ခိုင်းဖို့  ခိုင်းရာနေ စေရာသွား ကျွဲနွားဖြစ်ဖို့  ဖိနှိပ်သံဖိနှောင့်အောက် သွပ်သွင်းခဲ့ သွေးစုတ်အမြတ်ထုတ်ဖို့  ပြားပြားမှောက်နေစေခဲ့။ ဧရာမ သိန်းငှက်ကြီးရဲ့  မာကြောသန်စွမ်း ယန္တယားကြွက်သားများ ဖိအားညှစ်အားကောင်းကောင်း သံမဏိခွေးသွားစိတ် ခြေချောင်းတွေထဲက သားကောင်ကြွက် သားကောင် ယုန်တွေ ငါးတွေ ငှက်တွေ ဘယ်လိုရုန်းထွက်နိုင်မယ်ပ အစားဖြစ်ခဲ့ရ မိစ္ဆာသိန်းငှက်ရဲ့  အာဟာရကောင်းဖြစ်ခဲ့။ တသွင်သွင်စီးဆင်းရေအလျှင်ကို လှောင်ပိတ်ထားခဲ့ ကွန်ကရစ်ကျောက်သား တာတမံ တုတ်ဆည် ရေထုဟာ တုတ်ဆည်ထားသူရဲ့ လက်ထဲ အမိန့်အာဏာထဲမှာပဲ ရှိနေခဲ့ရ။ စပါတာကပ် […]
Read more of this post
No comments:
Post a Comment