မောင်စွမ်းရည် - အမေရိကန်သမတ အိုဘာမားနဲ့ ဗမာကျောင်းသားလူငယ်တို့ တွေ့ဆုံပွဲ (မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၁၄ ဗမာပြည်မှာ- အိုဘာမားနဲ့ လူငယ်များတွေ့ဆုံပွဲ နိုဝင်ဘာ ၁၄ရက်၊ (၂၀၁၄) က ပြုလုပ်သွားခဲ့ပါတယ်၊။လူငယ်ဆိတာက ဗမာလူငယ်တွေအများစိုပါဝင်တဲ့ အရှေ့တောင်အာရှလူငယ်တွေပါ၊ YSEAK တဲ့။ "ဗမာလိုအပြည့်အစုံပြောရရင်" အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှုစွမ်းရည် အစီအစဉ်တွင် ကျောင်းသားလူငယ် ၄၀၀ လောက်တတ်ရောက်ကြရာမှာ အင်ဒိုနီးရှား၊ မလေးရှာနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က လူငယ်အနည်းအပါး ဝင်တာတွေ့ရပါတယ်။ မုတ်ဆိတ်ဖွားဖွားနဲ့ အမျိုးသား ခေါင်းမြီးခြုံနဲ့ အမျိုးသမီးတို့ကို ထူးထူးခြားခြားတွေ့မြင်ရပါတယ်။  ဗမာပြည်တောင် ပေါ်ဒေသ တိုင်းရင်းသားတချို့လည်း တွေ့မြင်လိုက်ရပါတယ်။ သတင်းကားတိုလေးတခုမှာ မြင်တွေ့လိုက်ရတာပါ။ တွေ့ဆုံပွဲလုပ်တဲ့နေရာက ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမပါတဲ့။ အိုဘားမားရဲ့ ခရီစဉ်တွေထဲမှာ ကျောင်းသားလူငယ်တွေနဲ့ တွေ့ဆုံပွဲဟာ စိတ်ဝင်စားစရာကောင်းဆုံးလို့ ထင်ပါတယ်။ အိုဘားမားဆိုတာ […]

Read more of this post