သက်ခိုင် - ဘုန်းကြီးကျောင်းသား၊ လမ်းစဉ်လူငယ်အောင်ဖေနဲ့ ပါတီစုံဒီမိုကရေစီ (မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၄ (၁) အောင်ဖေ (၁၀)တန်းကာလမှာပဲ အကိုအငယ်ဆုံးတယောက် ထပ်ဆုံးသွားပါလေကော၊ ဆိုတော့ မောင်နှမ ၅ ယောက်နဲ့ အမေနဲ့ ဘဝကိုရုန်းကန်ရတော့တာပဲ။ နဂိုကတည်းက စာကိုသိပ်နားမလည် တော့တဲ့ အောင်ဖေတယောက်လည်း စာမေးပွဲသာနီးလာတယ် စိတ်ကမပျော်တော့ဘူး လေးနေပြီ၊ သိတဲ့အတိုင်း ဆယ်တန်းစာမေးပွဲဆိုတာ အချဉ်မဟုတ်တော့ ဘာရမလဲ ကျပေါ့။ အဲဒီမှာတင် အဖွားအမိန့်နဲ့ အောင်ဖေတို့ မိသားစုအိမ်လေးကိုရောင်းပြီး အဖွားအသစ်ပြင်ဆောက်တဲ့ ကျောက်မြောင်းကအိမ်ကို ကြီးတော်ကြီး မိသားစုကော ပြောင်းရမယ် ဖြစ်လာပါရော။ အောင်ဖေတို့ ခြံနဲ့အိမ်ရောင်းတာ အခုခတ်လူတွေကြားရင် အံ့သြမယ် မြန်မာငွေ ၅သောင်းခွဲနဲ့ ရောင်းခဲ့ရတာ မစောင့်နိုင်တော့ဘူးလေ တရွာမပြောင်း သူကောင်းမဖြစ်ဆိုသလိုပေါ့။ အဲဒီအချိန်က ၁၉၈၇ခုနှစ် ဇွန်လကြီး။ […]

Read more of this post