ရန်နောင်(ဗိုလ်တထောင်) သက်ကြီးသတင်းစာဆရာကြီးများကို ပထမအကြိမ်သက်ကြီးပူဇော် (မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၄ မြန်မာနိုင်ငံအသင်း ပထမအကြိမ် သတင်းစာဆရာ သက်ကြီးပူဇော်ပွဲကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ (၂၂) ရက် စနေနေ့ နံနက် (၉) နာရီ က ရန်ကုန်မြို့ မြို့တော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ သက်ကြီးသတင်းစာပူဇော်ပွဲသို့ နိုင်ငံတော်သမ္မတ က သဝဏ်လွှာပေးပို့ခဲ့ပြီး နိုင်ငံတော် သမ္မတရုံးဝန်ကြီးဦးအောင်မင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးပိုက်ထွေး၊ ယဉ်ကျေးမှု ဒုတိယဝန်ကြီး ဦးသန်းဆွေ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ သူရဦးအေးမြင့်၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် အစရှိသော နိုင်ငံတော်အကြီးအကဲများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးကိုကို (ကိုကို- စက်မှုတက္ကသိုလ်)က သက်ကြီးပူဇော်ပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ […]
Read more of this post
No comments:
Post a Comment