အရှင်ကုသလသာမိ (အတည်မဲ့) - စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၁) (မိုးမခ) နိုဝင်ဘာ ၂၉ ၊ ၂၀၁၄ ယခင်အပတ်မှ အဆက် (၅ဝ) နော်ဝေအခြေခံဥပဒေတွင် ခရစ်ယာန်ဘာသာဦးထိပ်ထားသည့်အချက်ဟု ယူဆနိုင်စရာများ ပါရှိသော်လည်း ဥရောပနိုင်ငံများအနက် နော်ဝေနိုင်ငံသည် ထာဝရဘုရားအပေါ် မယုံကြည်တော့သူများ အများဆုံးဟုပင် ဆိုကြသည်။ ထာဝရဘုရားရှိသည်ဟု ယူဆသူ ၂၉ ရာခိုင်နှုန်းခန့်သာရှိတော့သည်။ "အရှင်ဘုရားရယ် … ကိုယ်လုပ်လို့ ကိုယ်စားရတယ်၊ ကိုယ်ကြိုးစားလို့ အရာရာ ပြည့်စုံလာတယ်၊ နေဖို့မပူရ၊ စားဖို့မပူရ၊ ဆေးကုဖို့ မပူရဆိုတော့ ဘယ်သူက ထာဝရဘုရားကို ကျေးဇူးတင်စကား သွားပြောနေတော့မလဲ"ဟု ကိုမိုးမောင်မောင်က နော်ဝေသားတို့၏ ဘာသာရေးအခြေအနေကို ပြောပြသည်။ ထို့ကြောင့် နော်ဝေတွင် ဘာသာမဲ့ဦးရေက ၇၂ ရာခိုင်နှုန်းအထိ များပြားလာခဲ့ပြီဟု […]
Read more of this post
No comments:
Post a Comment