ဟန်သစ်နိုင် - အစိုးရ၏ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်တဲ့ ကျောင်းသားတို့ အသံ (မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၄ နိုဝင်ဘာ ၁၇ရက် မြို့တော်ခန်းမရှေ့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများမှ ကျောင်းသားများသည် အမျိုးသားကျောင်းပညာရေးဥပဒေကို ပြင်ဆင်ဖို့ သပိတ်မှောက် ဆန္ဒပြ တောင်းဆိုရာတွင် ၄ ရက်မြောက်ရှိပြီး ရက်ပေါင်း (၆၀)တိတိ ဆက်လက်တောင်းဆိုသွားမည်ဖြစ်သည်။ ရက်ပေါင်း (၆၀) အတွင်းတွင် ပညာရေးဥပဒေနှင့်ပတ်သက်ပြီး မြို့နယ်အသီးသီးမှ ကျောင်းသားများကို စည်းရုံးလှုံ့ဆော်သွားမည်ဖြစ်ပြီး ပြည်သူများ၏ အားပေးထောက်ခံမှု၊ အခြားအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုများ ပုံစံအမျိုးမျိုးဖြင့် သပိတ်မှောက် တိုက်ပွဲဝင်သွားမည် ဟု ကျောင်းသားများကပြောသည်။ ကျောင်းသားများက မေးမြန်းသည်များကိုပြောပြရာ "ကျနော်တို့က ဒီအစိုးရကို ဘယ်တော့မှလည်း မယုံကြည်ခဲ့ပါဘူး၊ အခုတောင်းဆိုမယ့်ရက်ပေါင်း ၆၀ဆိုတာဟာလည်း သူတို့လုပ်ပေးမယ်ဆိုလို့ ယုံကြည်လို့ တောင်းဆိုတာမဟုတ်ဘူး၊ ဒီအစိုးရရဲ့ […]
Read more of this post
No comments:
Post a Comment