ခိုင်မာကျော်ဇော - ကျောင်းသား သပိတ်ကို ထောက်ခံအားပေး ၀န်းရံကြပါ (မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၄ ကျမဟာ နေ၀င်းအစိုးရတက်လာတဲ့ တော်လှန်ရေးကောင်စီခေတ် မဆလ ခေတ်မှာ မွေးခဲ့ပြီး အဲဒီခေတ်ရဲ့ ပညာရေးစနစ်အောက်မှာ လူလားမြောက်ခဲ့ရသူတယောက်ပါ၊ ဒီတော့ စစ်ကျွန်ပညာရေးကိုသာ သင်ကြားခွင့်ရခဲ့ပါတယ်၊ တိုင်းရင်းသားတယောက်အနေနဲ့ ပြောရရင်တော့ အဲ့ဒီ စစ်ကျွန်ပညာရေးရဲ့ မြန်မာသမိုင်းစစ်မျက်နှာမှာ အမျိုးသားလွတ်မြောက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရေးအတွက် အခြေအနေအရ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့ တွေကို ရောင်စုံသူပုန်တွေဆိုတဲ့ သမိုင်းအမှားကိုပဲ သင်ကြားခဲ့ရပါတယ်။ အဲ့ဒီသမိုင်းအမှားတွေကိုပဲ အမှန်ထင်ပြီး တိုင်းရင်းသားတွေဆိုတာ တိုင်းပြည်ကို အဖျက်အမှောင့်ပြုကြတဲ့သူတွေလိုပဲ ကျမ ခေါင်းထဲမှာ နှစ်ပေါင်းများစွာ စွဲခဲ့ပါတယ်၊ ၁၉၈၈ ကျောင်းသားသပိတ်ပေါ်ပေါက်ခဲ့ပြီးနောက် တော်လှန်ရေးနယ်မြေကိုရောက် ကိုယ်တိုင် သူပုန်ယောက်ဖြစ်လာမှပဲ တိုင်းရင်းသားတွေ ဘာကြောင့် လက်နက်ကိုင်ရတယ်၊ တိုင်းရင်းသား အခွင့်အရေးတွေ […]
Read more of this post
No comments:
Post a Comment