အရှင်ကုသလသာမိ (အတည်မဲ့) - စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၉) (မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၄ ယခင်အပတ်မှ အဆက် (၄၁) ဒိန်းမတ်နိုင်ငံ လူဦးရေ ၈ဝ ရာခိုင်နှုန်းက ခရစ်ယာန်များ ဖြစ်သည်ဟု စာရင်းဇယားအရ ဆိုသော်လည်း ယနေ့အချိန်တွင် မိရိုးဖလာမျှသာ ကျန်ရှိတော့သည်ကို တွေ့ရသည်။ ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူအတွက်ဆိုလျှင် ဝမ်းနည်းဖွယ်ပင် ကောင်းလှသည်။ ၂ဝ၁ဝ ခုနှစ်တွင် ပညာရှင်များ စုပေါင်းပြီး စစ်တမ်းတစ်ခု ကောက်ယူခဲ့ဖူးသည်။ အဆိုပါ စစ်တမ်းအရ … ၂၈ ရာခိုင်နှုန်းသော ဒိန်းမတ်ပြည်သူများကသာ ထာဝရဘုရားကို ယုံကြည်သည်။ ၄၇ ရာခိုင်နှုန်းက ဘဝကိုတွန်းအားပေးနေသော တစ်စုံတစ်ရာ သို့မဟုတ် စွမ်းအားတစ်ခုရှိသည်ကို ယုံကြည်သည်။ ၂၇ ရာခိုင်နှုန်းက ထာဝရဘုရားလည်း မယုံကြည်၊ […]

Read more of this post