မင်းကောင်းချစ် - ခြင်းကြားကြီးနဲ့  ရေသယ်နေတဲ့တိုင်းပြည် (မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၄ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် စစ်ရဲ့အထုအထောင်းဒါဏ်ကို နိုင်ငံပေါင်းများစွာဟာ အလူးအလဲ ခံခဲ့ကြရတယ်။ စစ်နိုင်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်စတဲ့ နိုင်ငံတွေတောင် စစ်စာရိတ်ပိလို့ စီးပွားရေး တွေကျ ဆင်းရဲခဲ့ရတယ်။ ဂျာမဏီ၊ အီတလီ၊ ဂျပန်တို့ လို စစ်ရှုံးနိုင်ငံတွေကတော့ပြောဖွယ်ရာမရှိတော့။ ဖွတ်ကျောပြာစု မွဲထုကြီးအောက်ပြားပြားမှောက်ခဲ့ရတယ်။ ဆင်းရဲတွင်းပြာပုံထဲကတိုးထွက်လါနိုင်အောင် စက္ကန့် တိုင်း၊ မိနစ်တိုင်းကို တန်ဘိုးထားပြီး ကျိုးစားအလုပ်လုပ် ခဲ့ကြတာပါ။ အခုတော့လည်းအဲ့ဒီစစ်ရှုံးနိုင်ငံ တွေဟာ… ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေပြန်ဖြစ်လို့ ချမ်းသာကြွယ်ဝနေကြပါပြီ။ ဟိုတလောက… အစိုးရ၀န်ထမ်းဌာနအကြီးအကဲ ဖြစ်နေတဲ့…ကိုယ်နဲ့ ကျောင်းနေဘက်သူငယ်ချင်း လူရိုးကြီးတယောက်က ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်မှာ သူ့ ဌာန၀န်ထမ်းတွေ ရုံးဝင်းထဲမှာ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးခူးဆွတ်နေကြတဲ့ပုံတင်ထားတာတွေ့ လိုက်တော့.. ပထမတော့ပျော်စရာကြီး […]
Read more of this post
No comments:
Post a Comment