မောင်ရင်ငတေ - သူတို့ပြောလာတဲ့ အင်တာနေရှင်နယ် (မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၄ အခုရက်ပိုင်း လူပြောများလာတဲ့ အင်တာနေရှင်နယ် သီချင်း အကြောင်းလေးပါ၊ မူရင်း အင်တာနေရှင်နယ် သီချင်းကို ရေးခဲ့သူကတော့ ပြင်သစ်လူမျိုး ပါရီမြို့သား Eugène Edine Pottier (၁၈၁၆-၁၈၈၇) ဖြစ်ပါတယ်၊ အဲဒီခေတ်က ပြင်သစ်နဲ့ဘယ်လ်ဂျီယံဒေသမှာ ခေတ်စားခဲ့တဲ့ (စုပေါင်းပြီး စကားပြောကြ စာဖတ်ကြ သီချင်းဆိုကြ အတွေးအခေါ်တွေ ဖလှယ်ကြတဲ့) Goguette ခေါ် အဖွဲ့ရဲ့ အဖွဲ့ဝင် တဦးလည်းဖြစ်သူ ကဗျာဆရာတဦးလည်းဖြစ်သူ အျူဂျန် ပိုတီယေက ဒီသီချင်း L'Internationale ကို ပါရီကွန်မြူန်း အပြီး ပါရီမြို့ကနေ တိမ်းရှောင်နေရစဉ်မှာ ရေသားခဲ့တာပါတဲ့၊ ၁၈၇၁ ခုနှစ် (French Revolution) ပါရီကွန်မြူန်း ပြင်သစ်တော်လှန်ရေး […]

Read more of this post