မာမာအေး - ပြောပြစရာတွေလဲ တပုံကြီးရှိသေတယ် - အမှတ် (၅၅၉) နိုဝင်ဘာ ၂၁၊ ၂၀၁၄ သောတရှင်များ ကျန်းမာတော်မူကြပါရှင် ... မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကေါင်းတောင်းလိုက်ပါတယ်။ သောတရှင်တို့ရေ မာအေးတို့နိုင်ငံတွင်းက မိရိုးဖလာ ဗုဒ္ဓဘာသာနယ်ဝင်တို့ သိရှိနားလည်နေတဲ့ ဗုဒ္ဓဝင်နဲ့ ဖလ်သားပေါ်မှာ လေလှိုင်းထနေတဲ့ ဗုဒ္ဓဝင်ဇာတ်လမ်းစဉ်ဟာ အတော်ကြီးကိုကွာခြားနေတာမို့၊ ကိုယ့်ဆီက ဗုဒ္ဓဇာတ်တော်ဟာ ဒါမျိုးပါဆိုတာကို နှစ်မျိုးလုံးယှဉ်ပြီး ပြောပြလာ ခဲ့တာ လေးတင်ခန်းဆီရောက်လာပြီးပေါ့ရှင်။ နားဆင်ရတဲ့သောတရှင်များအနေနဲ့ ဘာကြောင့်လေးတော်တင်ပစ်ခဲ့ရတာလဲဆိုတဲ့ အ ကြောင်းရင်းခံဟာ ပညာမတတ်မှု ပညာတတ်မှုကြောင့် အဓိကဖြစ်တယ်ဆိုတာကိုလည်း သိသွားရတယ်။ ရွှေမန်းတင်မောင်ဇာတ်သဘင်အဖွဲ့ကြီးရဲ့ မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ပြောမှုဆိုမှုတွေကိုလည်း ပြန်လည်ကြားရမှာဖြစ်လေတော့ နှစ်သက်နားဝင်ဆက်ကြားချင်ဖြစ် ကောင်းပါရဲ့ရှင်။ ဘုရားအလောင်းတော် လေးတင်တဲ့အကြောင်းအရာကို အင်တာနက်ပေါ်က ဗုဒ္ဓဝင်ဇာတ်မှာ နိုင်ငံသူရဲကောင်းရွေးတဲ့ကိစ္စဖြစ်နေပါတယ်၊ […]

Read more of this post