အာဆီယံ မသန်စွမ်းသူများ အနုပညာပွဲ ရန်ကုန်နှင့် နေပြည်တော်တွင် ကျင်းပမည် (ဟန်သစ်နိုင်၊ မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၄ နိုဝင်ဘာ ၂၆ရက် PARK ROYAL HOTEL တွင် အာဆီယံမသန်စွမ်းသူများ အနုပညာပြပွဲနှင့်ပတ်သက်ပြီး ဒုတိယအကြိမ်ရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးတင်မိုးဇော်၊ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ (Operation Director)ဦးအောင်ကိုမြင့်နှင့် (Project Coordinator) ဒေါ်သိမ့်သိမ့်ဖူး၊ တေးသံရှင်ဇော်ဝင်းထွဋ်နှင့် သရုပ်ဆောင်အဆိုတော် ချစ်သုဝေတို့မှ တတ်ရောက် ပြောကြားခဲ့သည်။ သရုပ်ဆောင် အဆိုတော်ချစ်သုဝေမှ ပြောကြားရာတွင် "မသန်စွမ်းတဲ့သူတွေဟာ ကျမတို့အားလုံးရဲ့ မိသားစုများဖြစ်တဲ့အတွက် အားလုံးဟာတစ်ဦးနှင့် တစ်ဦး ကာကွယ်ရမယ်၊ စောင့်ရှောက်ရမယ်၊ ဖေးမပေးရမယ် မသန်စွမ်းတဲ့ညီအကိုမောင်နှမတွေ သူတို့ခွန်အားတွေရှိဖို့အတွက် ပြည်သူတွေလိုအပ်ပါတယ်၊ ငွေအားပံ့ပိုးကူညီဖို့အတွက် စီးပွားရေးလုပ်ကိုင်သူများနှင့် အနုပညာရှင်မောင်နှမတွေကိုလဲ ပါဝင်ပေးဖို့ဖိတ်ခေါ်ပါတယ်" […]
Read more of this post
No comments:
Post a Comment