နေ၀န်းနီ (မန္တလေး) - မန္တ​လေးရယ်​ ... ဆောင်းပြန်​​ခေါ်​ပေးပါ (မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၄ photo : Christopher Martin Photography မြူနှင်းတို့ တ​ဝေ့​ဝေ့  တဝဲဝဲ ကျဆင်းချိန်​တွင်​​ မြောက်​​လေချို​အေး​သည်​ ဝန်း​ဝေ့တိုက်​ခတ်​လျှက်​ရှိသည်​။ နှင်း​တွေက​တော့ ​ဝေမှိုင်းကျ​နေဆဲ ပါ။ ယဲ့ယဲ့က​လေးကျဆင်း​နေ​သော​ နေ​ရောင်​ခြည်​က ပိတ်​ဖုံးနေ​သောနှင်းထုကို အစွမ်းကုန်​ထိုး​ဖောက်​​နေဆဲ။ ​တောင်​ခိုးတ​ဝေ​ဝေ မြူ​ခြေက တစိုင်းစိုင်းနှင့်​ မန္တ​လေး​တောင်​ကြီးမှာ လွမ်းစရာမြင်​ကွင်းကို ဖန်​တီး​နေပါသည်​။ ဝန်းကျင်​တခိုကို သဲသဲကွဲကွဲ ပီပီပြင်​ပြင်​ မမြင်​ရ​ပေ။ မန္တ​လေး​ဟေမန်​​ဆောင်း၏ မှုန်​ပျပျ ပန်းချီကားမှာ ရှု့မငြီးဖွယ်​​ကောင်းလှပါဘိ....။ ဒါ ဟိုတစ်​ချိန်​တုန်းက မန္တ​လေးရဲ့ ​ဆောင်းရာသီ​ပေါ့။ အခုမန္တ​လေးက​တော့ နိုဝင်​ဘာလသာ​ရောက်​လာသည်​။ ဆောင်းက ဘယ်​ဆီမှာ မသိ​ပေ။ ဟိုတုန်းက ရပ်​ကွက်​ဘုရားပွဲဆိုရင်​ မီးဖိုပြီး ပွဲကြည့်​ရသည်။ […]

Read more of this post