ဟန်သစ်နိုင် - မင်္ဂလာဒုံစိုက်ခင်းနေရာကို တိုက်ဂါးဘီယာစက်ရုံခြံစည်းရိုး ဖြတ်သွား (မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၄   ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ  တိုက်ဂါးဘီယာစက်ရုံက   ခြံစည်းရိုးခတ်နေသည့် နေရာသည်  သီးနှံစိုက်ခင်းမြေဖြစ်နေသည်ဟုဆိုပြီး ထိုဒေသရှိ စိုက်ပျိုးရေး လုပ်ကိုင်နေသူများက ကန့်ကွက်နေကြသည်။ မြဲမြံအောင်စိုက်ခင်းဟု အမည်ရသော ဧက ၁၀၀ နီးပါးရှိသည့် ထိုနေရာတွင် သီးနှံစိုက်ပျိုးလာသည်မှာ   အနှစ် ၂၀ ခန့် ကြာပြီဖြစ်ကြောင်း၊ ဆက်လက်   လုပ်ကိုင်ခွင့် ရရန်  သက်ဆိုင်ရာဌာနများသို့   တင်ပြ တောင်းဆိုထားကြောင်း ထိုနေရာတွင် နေထိုင်သူများက ပြောသည်။ စိုက်ပျိုးရေးသမားတဦးဖြစ်သည့်   မအေးခိုင်က "ဒီမြေနေရာကို အရင်က ဘယ်သူ ပိုင်ပါတယ်လို့   ပြောဆိုခြင်း တစ်ခါမှ မရှိခဲ့ပါဘူး။ ဆိုင်းဘုတ်များလည်း တပ်ထားခြင်း မရှိခဲ့ပါ။ အခု လပိုင်းမှ စတင်ပြီး […]

Read more of this post