ဒေါက်တာကျော်တင့် ဘာသာပြန် - George Orwell - ဆင်ပစ်ခြင်း (မိုးမခ) ဇန်န၀ါရီ ၆၊ ၂၀၁၅ မြန်မာပြည်အောက်ပိုင်းကမော်လမြိုင်မြို့မှာ ကျနော်ဟာ လူများစုရဲ့ မုန်းတီးမှုကို ခံခဲ့ရတဲ့သူပါ။ ဒီလောက် မြို့မေတ္တာခံယူရတဲ့အထိ အရေးပါဘူးတာ ကျနော့်တသက်နဲ့တကိုယ် အဲဒီတခါပဲရှိခဲ့ဘူးပါရဲ့ ။ ဦးတည်ချက်ရယ်လို့ ရေရေရာရာမရှိ၊ ဘာမှန်းလဲအကျယ်တဝန့်မသိကြပေမဲ့ အလွန်အင်မတန် ခါးသီးတဲ့ ဥရောပသားဆန့်ကျင်စိတ်ဆိုတာက နယ်ခံတွေရဲ့ ရင်တွင်းမှာ နက်ရှိုင်းစွာကိန်းအောင်းနေတဲ့ အဲဒီလိုဒေသမှာမှ ကျနော်က ခရိုင်လက်ထောက် ပုလိပ်အရာရှိ လာလုပ်နေခဲ့ရတာကိုး။ ဘယ်သူမှ ပုန်ကန်ထကြွဘို့အဆင့်အထိ တကယ်သတ္တိရှိကြတာ မဟုတ်ပေမဲ့၊ ဥရောပသူ အမျိုးသမီးတယောက်ထဲများ ဈေးထဲကို ဖြတ်လျှောက်မိခဲ့ရင် သူ့ဂါဝန်လှလှပပပေါ်မှာ ကွမ်းသွေးတွေ ထွေးချသွားတာ ခံရတတ်တယ်။ ပုလိပ်လုပ်ရတဲ့ ကျနော်ကတော့ သူတို့ရဲ့ကွက်ကွက်ကွင်းကွင်းမြင်သာတဲ့ ပစ်မှတ်ကြီးပေပေါ့ဗျာ။ သူတို့အတွက် ပြဿနာမတက်လောက်ဘူးထင်ရင် ကျနော့်ကို […]
Read more of this post
No comments:
Post a Comment