ညိုထက်ညို - ဘီလီရေ… ဂစ်တာတီးလိုက် (မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၅ ဟေ့ ဘီလီ လမ်း၄၀ ထိပ်မှာ အရင်လိုပဲလား မင်းပြောနေကျ အတိုင်း ပွဲတွေ ကြမ်းနေတုန်းလား ရောင်းပန်းဝယ်ပန်း သာရဲ့လား ဘ၀တွေ ဈေးကျနေတုန်းလား အရာရာက ဈေးတက်ရတဲ့ အထဲကွာ ဟေ့ ရိုးရိုး နဲ့ ဗီးဂတ်စ် တစ်ပွဲ အရင်ကတော့ ရှယ် နဲ့ လန်ဒန် တစ်ပွဲပေါ့ ဒီလိုပဲ သင်္ခါရပေါ့ ဘီလီရာ ဂျာနယ်ကို ၀ယ်မလိုလိုနဲ့ တစ်ရွက် နှစ်ရွက် လှန်ဖတ်ပြီးပြီလား မနက်ဆို ထမင်းချိုင့်ကလေး ဆွဲလို့ ကိုယ့်ဘ၀ကိုယ် တည်ခင်းရောင်းရရှာ ဟောဟိုမှာ ပြောရင်းဆိုရင်း မျက်စိရှေ့တင် ဈေးဦးပေါက်သွားတယ် ၀မ်းလဲနည်း ၀မ်းလဲသာ တို့တတွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ […]

Read more of this post