ကြည်နိုင် - ဆရာဂျမ်းနှင့် အင်္ကျီသုံးထည် ဗိန်းမောင်းပြဇာတ် (မိုးမခ) ဇန်န၀ါရီ ၆၊ ၂၀၁၅ (၁) "ကျွန်တော့်ဆိုင်၌ ပင်တိုင်ဖောက်သည်။ ချုပ်ဖူးသည်ကား အင်္ကျီသုံးထည်ပင် ရှိပါပြီ …" ။ ကျွန်တော်သည် တရက်တွင် ဆရာဂျမ်းဟု ကျွန်တော်တို့ ချစ်ခင်လေးစားစွာခေါ်ကြသော ဆရာတင်မိုးကို သတိရသဖြင့် သူ့ကဗျာစာအုပ်များကို ရောက်တတ်ရာရာ ပြန်ဖတ်နေမိ၏။ ဖန်မီးအိမ်၊ ပန်းဈေးခင်း၊ လှေတစင်းနှင့် သီချင်းသည်၊ ပုဂံကျောင်းကခေါင်းလောင်းသံ၊ စိမ်းလမ်းသော အိပ်မက်၊ နှင်း ဆီပွင့်ပေါ်အိပ်ပျော်ခြင်း၊ ကန္တာရနှစ်များ၊ ကံ့ကော်ရိပ်မှအိပ်မတ်များ … စသည်ဖြင့် ဆရာကဗျာစာအုပ်များ ကျွန်တော်စု ဆောင်းထားခဲ့သည်။ ကျွန်တော့်လိုပင် ကဗျာကို တန်ဖိုးထားမြတ်နိုးသည့် ဆရာမောင်ဟုန်ဝမ်နှင့် ဓူဝံစာပေတိုက်တွင် ဆုံမိ သည်။ ဆရာမောင်ဟုန်ဝမ်ကား…ဆရာဇော်ဂျီ၏ကဗျာများ၊ ဆရာမင်းသုဝဏ်၏ ကဗျာများကို ခံစားကာ အဖွင့်စာအုပ်များ […]

Read more of this post