လင်းအေးထင် - မဒမ်တူးဆိုး ဖယောင်းရုပ် (မိုးမခ) ဇန်န၀ါရီ ၈၊ ၂၀၁၅ စားစရာမရှိပေမဲ့ လျော်စရာတော့ ရှိရမယ်ဆို၊ မိန်းမောတွေဝေခြင်း (၁ဝ) စုနှစ်ချီခဲ့သော နှလုံးသားကို လက်ဖွဲ့မိတော့ နှုတ်ခမ်းထောင့်စွန်းလေးတွေတောင် ကွေးညွတ်မသွား၊ ရှေးရိုး မက္ကင်းနစ်ပုစ္ဆာကို ငြီးငွေ့သလို ကြည့်ပုံမျိုးနဲ့ အေးတိအေးစက် တုံ့ပြန်တယ်။ ကျနော့်အချစ်ဟာ ပိရမစ်ထဲထည့် ကျပ်စည်းမထားတာကလွဲလို့ တာရှည်ခံအောင်တော့ စီရင်ထားပါရဲ့၊ ရင်ခွဲရုံက ဖော်မလင်နံ့ စွန်းထင်းနေရင် သည်းသာခံပေရော့၊ အအိပ်မဲ့ညရဲ့ လက်ကောက်ဝတ်မှာ သွေးမလျှောက်တော့ဘူး။ အချိုဓာတ်ကုန်သွားတဲ့ ပီကေသဖွယ် ခင်ဗျားထွေး အထုတ်ခံရတဲ့ ကျနော့် နှုတ်ခမ်း၊ ခင်ဗျားကို တမ်းချင်းဆိုရတိုင်း၊ အစိမ်းသရဲတို့ ငိုညည်းသည့်နှယ် နာပျော်ဖွယ် ဘယ်ရှိပါ့မလဲ။ ခင်ဗျားရှေ့မှောက် ကျနော်ရောက်နေပေမဲ့၊ ခင်ဗျားကို ကျနော်မတွေ့ရ၊ ကျနော်မြင်နေတာ မဒမ်တူးဆိုး ကျော်ကြားသူများ […]

Read more of this post