ကိုအောင်မှိုင်း - ကြည့်သောသူသည် မြင်၏ (မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၁၅ ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည်က ကမ္ဘာ့ဈေးအကြီးဆုံးဗိုလ်ရှုခံ အခမ်းအနားကြီးကတော့ ပြီးစီးလို့သွားခဲ့ပါပြီ။တချို့ လဲ မအီ မလယ်နဲ့ပြန်ခဲ့ကြပုံရပြီး၊ တချို့ လဲနောင်တတွေတပုံတပင်ရကြလို့၊ တချို့ လဲငန်းငန်းတက်ပျော်ရွှင်ကြပုံပါဘဲ။ သန်းပေါင်း ၆၄၀၀၀တန်ဗိုလ်ရှုခံအဆောက်အဦးတင်ဒါဆိုတဲ့ ကိစ္စကြီးကလဲတမှောင့်။ ကြားရနားဝအားလုံးမသက်သာဆိုသလိုပါဘဲ။ တော်တော်တော့ရှုတ်ရှတ်ထွေးထွေးကိစ္စတွေလို့ပြောရတော့မယ်ထင်တယ်။ဘယ်သူတွေမြတ်ပြီးဘယ်သူတွေအရှုံးပေါ်သလဲဆိုတာတော့ ကြည့်သောသူသည် မြင်၏ဆိုသလိုဘဲ ကြည့်သောသူတွေ မြင်နိုင်မဲ့ကိစ္စလို့ဘဲ ပြောပါရစေတော့။ နှစ်ပေါင်းလေးငါးဆယ်လောက်မေ့လျော့သလောက်ဖြစ်နေတဲ့ဒီဗိုလ်ရှုခံဆိုတာကြီးကို ဦးသိန်းစိန်ဘာကြောင့် ရုတ်တရက် ကြီး သတိရမိတဲ့အကြောင်းကလဲအတော်တော့ အရေးကြီးမယ်ထင်ပါတယ်။ သမ္မတသက်တန်းနောက်ဆုံးနှစ်ရောက်မှ သတိရသွားတာလဲ တမူထူးခြားတယ်လို့ပြောရမှာပါ။ဗိုလ်ရှုခံအတွက်ပေါ်တာဆွဲခံရသူတွေလဲအလဲလဲအကွဲကွဲနဲ့ နှာခေါင်း သွေးထွက်သူထွက်၊မူးလဲသူလဲနဲ့ အတော်တော့ သရုတ်ပျက်နေသလိုပါဘဲ။ကလေးတွေလဲကြောက်လို့သာ ဇွတ်လုပ်ကြရ တာဆိုတော့ အတော်ကို ကသိကအောက်ဖြစ်တဲ့ အခမ်းအနားလို့ ကျနော်တော့သုံးသပ်မိပါတယ်။ အခမ်းအနားအစီအစဉ်ကြီးကိုကလဲ တကယ့်ကိုကိုးယို့ကားယားကြီးဖြစ်နေပြန်တယ်။ ကာကွယ်ရေးဦးစီးချူပ်အပါအ၀င် တပ်မတော်သားတွေက နိုင်ငံတော်သမ္မတဆိုတဲ့လူကို အလေးပြုရမှာ အခုက […]
Read more of this post
No comments:
Post a Comment