မိုးမခ - ဗိုလ်ရှုသဘင်နှင့် ဗမာ့ကြွေးကြော်သံ ဇန်နဝါရီ ၀၄၊ ၂၀၁၅ (၆၇) နှစ်ပြည့် လွတ်လပ်ရေးနေ့မှာ စစ်တပ်အပေါ်ကို အာဏာမတည်၊ စစ်တပ်အကျိုးစီးပွားကို နည်းနည်းမျှ မတို့ မထိနိုင်တဲ့ (၂၀၀၈) စစ်ဖွဲ့စည်းပုံအောက်က စစ်ဝတ်စုံချွတ် ချိတ်ထဘီဝတ် ဗိုလ်ချုပ်ဟောင်းသမ္မတက ပြည်သူ့ဘဏ္ဍာ ကုဋေချီ အကုန်အကျခံပြီး လက်နက် ကိုင်အဖွဲ့အစည်းတွေရဲ့ ချီတက်အလေးပြု ဗိုလ်ရှုခံနေလေရဲ့။  ပြည်သူက ရွေးချယ်တင်မြောက်သည့် ဒီမိုကရေစီစနစ် အရပ်သား သမ္မတ သည် စစ်တပ်၏အထက်မှာရှိ ပြည်သူ့အာဏာကို ရယူလုပ်ပိုင်ခွင့်ရှိသည်မို့ ဗိုလ်ရှုခံရခြင်းသည် ဒီမိုကရေစီတိုင်းပြည်အတွက် လိုလား အပ်တာမှန်ပေသည့်၊ အခုလို စစ်တပ်က နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အရာရာ လွှမ်းမိုး ဗိုလ်ကျနေနိုင်ခွင့်ရှိနေဆဲ စစ်အခြေခံဥပဒေ တုန့်နှောင်မှုအောက်က ခွေးတူဝက်တူ ဒီမိုကရေစီ၊ ဖားတပိုင်းငါးတပိုင်း အစိုးရအဖွဲ့ […]

Read more of this post