ကိုသစ် (သီတဂူ) ဆယ်လမွန်ငါးတို့ အပြန် (မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၅ အိမ်ပြန်ချင်နေတဲ့ အသိမိတ်ဆွေတစ်ဦးက ဆယ်လမွန်ငါးတို့အပြန်သီချင်းဟာ အလွန် ကောင်းတဲ့အတွက် နားထောင်ကြည့်ပါဦးလို့ ပြောတာနဲ့ အဆိုတော်ခင်ဝမ်းရဲ့ ဆယ်လမွန်ငါးတို့ အပြန်ဆိုတဲ့ သီချင်းကို တခုတ်တရ နားထောင်မိရာကနေ သီချင်းရဲ့ အဓိပ္ပါယ်ကို အားပြုရင်း ဆယ်လမွန်ငါးတွေအကြောင်း၊ အိမ်ပြန်ချင်နေကြသူတွေ အကြောင်းနဲ့ အိမ်မပြန်ချင်ကြသူတွေအကြောင်းကို ဆက်တွေးနေမိတယ်။ အရှင်လတ်လတ် ဆယ်လမွန်ငါးကို အပြင်မှာ တစ်ခါမှ မမြင်ဖူးပါဘူး။ ဆယ်လမွန်ငါးဆိုတာ ဘယ်လို ငါးမျိုးပါလိမ့်။ လိုက်ရှာကြည့်တော့ သူတို့ရဲ့ ထူးခြားတဲ့ လက္ခဏာလေးတွေ ကို တွေ့ရပါတယ်။ တကယ်တော့ ဆယ်လမွန်ငါး ဆိုတာ မြန်မာတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး သား လည်းဖြစ်တယ်။ ငါးသေတ္တာဗူးတွေထဲမှာပါတဲ့ ငါးတွေဟာ ဆယ်လမွန်ငါးတွေတဲ့လေ။ ငါးသေတ္တာစားဘူးရင် ဆယ်လမွန်ငါးကို […]

Read more of this post