ကိုသန်းလွင် - ချောင်းသာ နှင့် အင်တာနက် (မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၅ (၁) ချောင်းသာကိုသွားမည်ဟု စိတ်ကူးထားမိသည်မှာ ကြာပါပြီ။ သို့ပါသော်လည်း အကြောင်းက မတိုက်ဆိုင်နိုင်၊ တကယ်သွားတော့မည်ဟု သေချာသွားတော့ ဟော်တယ် booking လုပ်ရန် တစ်ရက်ပဲ အချိန်ရတော့သည်။ ဖြစ်ချင်တော့ ထိုနေ့က ဟော်တယ်လိုင်း ဖုန်းတွေမှာ တစ်ခုမှခေါ်၍မရ၊ လက်ကိုင်ဖုန်း နံပါတ်တွေ ခေါ်ရသမျှတော့ အခန်းလွတ်မရှိ ဘူးဟုသာ ပြောကြလေသည်။ ကျွန်တော်တို့သည် ချောင်းသာဟော်တယ်တွေမှာ အခန်းလွတ်မရှိဘူးဆိုတာကို မယုံနိုင်အောင် ဖြစ်နေသည်။ Beach front ခေါ် ဆိပ်ကမ်းကို မျက်နှာမူထားသော ဟော်တယ်တွေမှာသာ နေရာကျပ်မည် ဟု ခန့်မှန်းမိသည်။ ထိုနေရာကောင်းတွေမှာ ဆောက်ထားသော ဟော်တယ်တွေမှာ နေရာမရလျှင် ကတ္တရာ လမ်းတဖက်မှာ ကမ်းခြေကို […]
Read more of this post
No comments:
Post a Comment