ဇော်ထက်(ပျဉ်းမနား)  - လက်ပံတောင်းသူ (မိုးမခ) ဇန်န၀ါရီ ၂၊ ၂၀၁၅ သူမဟာ အထူးကုတွေရဲ့ ဖူးဖူးမှုတ်တာကိုခံပြီး ကြွားကြွားဝါ၀ါနေတဲ့ မျောက်တကောင်လိုလည်း ရွှေလင်ပန်းနဲ့ အချင်းဆေးမခံခဲ့ရပါဘူး ငါတို့အလှဲ့  ဘယ်တော့လည်းလို့ ရင်မောနေရတဲ့ ဟောဒီထန်းတောလေးထဲမှာပဲ အရပ်လက်သည်နဲ့ အမေကမွေး အဖေကကျွေးနဲ့ လူဖြစ်ခဲ့ရသူ တောသူမကြီးစစ်စစ်ပေါ့။ သူမဘ၀ စားခဲ့တာက ယုံကြည်မှုတွေ လုပ်ပိုင်ခွင့်တွေ ခိုးထားတဲ့မဲပြားတွေ မဟုတ်ခဲ့ပါဘူး ရိုးရိုးသားသား လက်မောင်းပိန်လေးရဲ့ ချွေးနည်းစာ အနင်းခံထားရတဲ့ လက်တွေကလှုပ်မှ ကြိုးတုပ်ခံထားတဲ့ ပါးစပ်လှုပ်ရတဲ့ဘ၀ အဖေ့အမွေ အတိတ်မေ့နေတဲ့ အထီးကျန်နေတဲ့ ယာကလေးကထွက်တဲ့ သူမလိုပဲ ရိုးအ လှတဲ့ ပြောင်းဆန်ကြမ်းကြမ်းလေးတဆုပ်ပေါ့။ သူမဟာ ချယ်ရီပန်းတွေပွင့်တဲ့ အလှပြင်တတ်တဲ့မြို့မှာ ဒီမြေကြီးကို ငါ….အုပ်မယ် ငါ….ချုပ်မယ်ဆိုပြီး လက်သီးလက်မောင်းတန်းလို့ ပညာရင်နို့ သောက်စို့ဘူးခဲ့သူ မဟုတ်ရှာပါဘူး […]

Read more of this post