ဓာတ်ပုံ - ဒီဇိုင်း မျိုးဆွေသန်း တူမောင်ညို - လက်ပံတောင်းအရေး ချောမွေ့ပြေလည်စွာ ဖြေရှင်းလိုလျှင် (မိုးမခ) ဇန်န၀ါရီ ၁၂၊ ၂၀၁၅ ၂၀၁၄ ခုနှစ်အတွင်း ကျနော်ရေးခဲ့သမျှ ဆောင်းပါးများအနက် နောက်ဆုံးဆောင်းပါး၏ အကြောင်းအရာသည် လက်ပံတောင်း အရေး ဖြစ်ပါသည်။ ထိုဆောင်းပါးထဲတွင် အောက်ပါအချက် (၃) ချက်ကို အဓိကထားရေးသားတင်ပြခဲ့ပါသည်။ ယင်းအချက်များမှာ ... (၁) လက်ပံတောင်းအရေး ဖြေရှင်းလျှင် ဒေသခံပြည်သူများ၏ အကျိုးစီးပွားသည် အဓိကနှင့်ပထမဖြစ်ရမည်။ (၂) လက်ပံတောင်းအရေးသည် လက်ပံတောင်းဒေသခံပြည်သူများ၏အရေးကိစ္စ သက်သက်မျှမဟုတ် ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သည့်အရေးဖြစ်သည်။ (၃) လက်ပံတောင်းအရေး ပြေလည်အောင်ဖြေရှင်းမည်ဆိုလျှင် "နိုင်ငံရေးသမားများ၏ သွေးထိုးမှုပယောဂကြောင့်" ဟူ သော အမြင်မှားနှင့်အစွဲမှားကို အုပ်စိုးသူအစိုးရ၊ ဦးပိုင်လီမီတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့ဘက်မှ ချက်ချင်း စွန့်လွှတ်ရမည်။ ဖော်ပြပါအချက် […]

Read more of this post