ကျော်မိုးလွင် - သတိ လမ်းပြင်နေသည် (မိုးမခ) ဇန်န၀ါရီ ၅၊ ၂၀၁၅ ဘာကိုကြောက်နေတာလဲ သန့်ရှင်းပါတယ် သမာသမတ်ရှိပါတယ် လိပ်ပြာလုံတယ်ဆိုရင် ၂၀၁၅ ကို ရင်ဆိုင်ရဲရမှာပေါ့ ...။ အခုတော့ အာဏာစက်ပျံ့နှံ့ရာရပ်ဝန်း စီးပွားဖြစ်သူတွေထွန်းကားလို့ ...။ ပုံတူကူးချလို့မဖြစ်ဘူးဆိုပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုမဲ့ အကြောက်တရားသာဖုံးလွမ်း အမှန်တရားဟာ စုံလုံးကန်းခဲ့ရ ...။ ကြောက်တတ်သူများ ကိုယ့်အတ္တဦးခွံထဲမှာနေပါ ကိုယ်ဆောက်ခဲ့တဲ့တံတားကိုတောင်မှ ကိုယ်ပြန်မလျှောက်ရဲတဲ့အဖြစ် ဒါနဲ့များ ပြည်သူ့မေတ္တာခံယူချင်သေးသတဲ့ ..။ ဒင်းတို့ပိုင်ဆိုင်မှုတွေဘယ်လောက်များများ ဆင်းရဲသားပြည်သူတွေက ဘာတတ်နိုင်မှာလဲ အခွံပဲကျန်တော့တဲ့နိုင်ငံကို (ဈေးပေါင်ကျိုးနဲ့) ပုလင်းခွံ အိတ်ခွံရောင်းချသလိုမျိုး လက်ညှိုးထိုးပြီး ရောင်းစားကြမှာကိုစိုးရိမ်နေဆဲ ...။

Read more of this post