ဖိုးသံ (လူထု) - ဘိုလိုတော့ခ် ရောဂါ ဇန်န၀ါရီ ၁၂၊ ၂၀၁၅ (သူ့ဖေ့စ်ဘွတ်ခ်) ဒီနေ့ ဗမာပြည်က စာပေလောကမှာ ထင်ထင်ရှားရှား တွေ့မြင်နေရတဲ့ ၀မ်းနည်းစရာကိစ္စတခုကတော့ ဗမာစာ စာမျက်နှာ တွေပေါ်မှာ အင်္ဂလိပ်စာတွေ ဗရနှံ့ကျဲနေတာပါပဲ။  ဆွမ်းဆန်ထဲ ကြွက်ချေးရောတာလိုပဲ အကျည်းတန်လှပါတယ်။  ဒီလို ယို သူမရှက် မြင်သူရှက် စာမျက်နှာတွေကိုကြည့်ရင်း ဒါတွေကို နိုင်ငံခြားသားတွေများမြင်ရင် ဘယ်လိုများပြောကြမှာပါလိမ့်ရယ် လို့ မကြာခဏ ခေါင်းထဲမှာ အတွေးပေါ်မိပါတယ်။  "ခင်ဗျားတို့ ဗမာစကားဟာ ဒါလောက်ဆင်းရဲသလား၊ ဒီ စကားလုံးလေးတွေ လောက်ကိုတောင်မှ ကိုယ့်ဘာသာစကားနဲ့ မရှိဘူးလား" စသဖြင့် အမေးခံရမှာကို တွေးရှက်မိပါတယ်။  ဒီအထဲမှာ အင်္ဂလိပ်စာလုံးပေါင်းမှားတာတွေကလည်း မနည်းလှတော့ နှစ်ခါပြန်ရှက်ရတာပေါ့။ ရုပ်ရှင်မင်းသမီး အင်တာဗျူးကအစ နိုင်ငံတကာရေးရာအလယ် သဘောတရားအသစ်တွေ အကြောင်းရေးရာအထိ […]

Read more of this post