တူမောင်ညို - "သမိုင်းဝင်ဖို့ - သမိုင်းတွင်" ဖို့ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းကြစို့ (မိုးမခ) ဇန်နဝါရီလ ၅၊ ၂၀၁၅ အိမ်နီး/အိမ်ဝေး  ကမ္ဘာ့လှည့်ပြီး ကူပါ ကယ်ပါ တစာတစာနဲ့ အကူအညီလက်ဖြန့်တောင်းနေရတဲ့၊  ဆင်းရဲမွဲတေမှုနဲ့ ဂေါဝိန်က ဆင်းရဲသားကို အလည်လာတဲ့ ရှင်ဘုရင်မြင်မှာစိုးလို့ ဘူဒိုဇာနဲ့ မိုက်မိုက်ကန်းကန်း ထိုးကော်ဖယ်ရှားပစ်တဲ့ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက "ဗိုလ်ရှုခံ" အတွက် ကျပ်သန်းတစ်ထောင်ကျော် ဖြုန်းတီးပစ်လိုက်ပြီ။ "ဆန်မရှိ အစားကြီး" ဆိုတဲ့စကားက (ဗိုလ်) ဦးသိန်းစိန်တို့ စစ်အုပ်စုအတွက် ကွက်တိပါပဲ။ တိုင်းပြည်နဲ့လူထုကသာ ဆင်းရဲမွဲနေပြီး၊ သူတို့စစ်အုပ်စုကတော့ ကျိကျိတက် ချမ်းသာကြွယ်ဝနေသူတွေဖြစ်ပါတယ်။ "ဗိုလ်ရှုခံ" ဆိုတာတကယ်တော့ တိုင်းပြည်လူထုပိုက်ဆံအလွဲသုံးပြီး ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်တာဖြစ်သလို၊ စစ်တပ်ကလည်း  တိုင်းရင်း သားလက်နက်ကိုင် အင်အားစုတွေကို အင်အားပြခြိမ်းခြောက်တဲ့ပွဲလည်း […]

Read more of this post