ဆောင်းယွန်းလ - "တောင်လေတိုက်နေတယ်" (မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၅ တရားဓမ္မနဲ့ နားချတိုင်း ကျကျနန တရားကျမှာတဲ့လား ကိုယ့်နား ကိုယ်ပြန်ချလို့ကျရင် ပိုကောင်းမှာပေါ့... မည်သူမပြုတဲ့ မိမိမှုမှာ ဓါးခုတ်ရာ ၀င်ရှိုချင်တဲ့ လက်တွေကလည်း အများသား.. ကိုယ့်ဒဏ်ရာကိုယ်ပြန်စုပ်သပ်ဖို့ မေ့နေတဲ့အခါ ရှေ့ကိုရောက်လာတဲ့ လျှာတွေက အရိုးမရှိတိုင်းကို ရှည်နေကြတော့တာပဲ... ကိုယ့်စိတ်ကူးနဲ့ ကိုယ်ပြန်မူးဖို့ တိတ်ဆိတ်နေတဲ့အခါ နောက်ကျောကိုထောက်လာတဲ့ အဆိပ်လူးမြားတွေက အားယားတိုင်းကို အားယားနေကြတော့တာပဲ... တောင်လေတိုက်နေတော့လည်း ကိုယ့်အကြောင်းနဲ့ကိုယ် ရှင်းချင်ရင် သိပ်ကိုရှင်းလင်းတဲ့ လောကအခန်းထဲမှာ ရှုပ်ပွနေတဲ့ အမှိုက်တွေက လှဲမကုန် ၀ဲမကုန်နဲ့........။ ဆောင်းယွန်းလ Photo - http://commons.wikimedia.org/wiki/File:Jan_Porcellis_-_Vessels_in_a_Strong_Wind_-_WGA18157.jpg
Read more of this post
No comments:
Post a Comment