ဆောင်းယွန်းလ - ဓာတ်ပုံဖတ်မိခြင်း (မိုးမခ) ဇန်န၀ါရီ ၉၊ ၂၀၁၅ထောင်ထားတဲ့ မှန်ဘောင်တွေက ပိုပြီးခမ်းနားတောက်ပြောင်လာကြတယ်... ဘေးအနားနဲ့ ဆေးသားတွေက ဘာမှပြောစရာမရှိ... ရိုက်ချက်တွေက ပိုပြီးထိမိလာသလို အယူအဆတွေက နဂိုထက်ပိုပြီး ဆန်းသစ်လာကြတယ်... နှစ်သက္ကရာဇ်တွေရဲ့ ခြားနားချက်ကို ဓာတ်ပုံကားချပ်တွေက အပေါ်ယံအရေခွံခွာချပြီး လှစ်ဟတယ်... ကားအို လမ်းပျက်များ အိမ်ခေါင်အပေါက်အပြဲတွေနဲ့ ပေါက်ကွဲနေတဲ့ မျက်နှာတွေ ယိုင်နေတဲ့မှတ်တိုင်နဲ့ မှိုင်နေတဲ့လူတအုပ်ကို သရုပ်ဖော်ထားတဲ့ ဓာတ်ပုံပညာဟာ ဓာတ်ပုံထဲမှာ အသက်ပါလှတယ်... ဓာတ်ပုံကိုဖတ်မိတဲ့ ငါ့ရင်ဘတ်မှာတော့ အသက်ပြန်ပါမလာခဲ့ဘူး...။ ။ ဆောင်းယွန်းလ
Read more of this post
No comments:
Post a Comment