ကျော်ဟုန်း - ဖား သုတေသန (မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၁၅ ကိုယ်ပေါ်ကို မိုးစက်ကျမှ ထ အော်တဲ့ ဖား။ မီးရောင်အောက် ပြူးကြောင်ကြောင်နဲ့  မှင်တက်တဲ့ ဖား။ အပျော်လွန် သံကုန်ဟစ်လို့  သေရတဲ့ ဖား။ (အဲ့ဒါ စားဖား) ကပ်ဖားကျ စားဖားနဲ့ ကွာ ပြောင်းပြန် အချိုးကျ။ ဘဝမှာ ကပ်ပါးပင်လို စည်လို့ ဝေလို့  စူလို့ ဖြိုးလို့ ။ ရှင်လျက်နဲ့  သေတာ လွဲရင် အနေ ချောင် အစား မရှောင် (အဲ့ဒါ ကပ်ဖား) ၁၀ ၊ ဇန်နဝါရီ၊ ၂၁၀၅။ (တိုက်ဆိုင်သူတွေကို ရည်ညွှန်းပါသည်။)  

Read more of this post