မောင်စွမ်းရည် - သူငယ်ချင်း ဒေါက်တာအောင်ခင် အတွက် ဂုဏ်ပြုနှုတ်ဆက်ကဗျာ လေးချိုး (မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၅ သြော် ... ဆွေအရင်းရယ်လို့ သေမင်းကိုတားလို့ မဖြစ်နိုင်ဘု ထားရစ်ပေတော့ သူငယ်ချင်းရေ။ ရွှေမန်းမှာ ကြုံကြိုက်လို့ ဆုံခိုက်မှာ စာအတူသင်ရ တူယှဉ်ကာ ကစား၊ တူယှဉ်ကာ စားတဲ့ပြင် သွားအတူ လာအတူနဲ့ ကူစရာရှိ၊ ကူလာဘိသမို့ ပျူငှာသည့် သဟာဆွေ။ ။ သြော် … ချွေးတမြမြနဲ့ အလေး မရာကာ အပြေးထထပြီး မေးသမျှကိုလဲ တွေးတွေးဆဆ သူဖြေလို့ ပေးငှအလှူ အထွေထွေမှာလဲ ကူပေသမို့ လက်မနှေး။ ဆရာဝန်ဘ၀မှာလဲ တာဝန်ကျရာမှာ ငွေအသပြာ မမက်ပေဘု ဆွေသဟာတွေတွက် ခက်သမျှလွယ်စေတဲ့ပြင် အသက် ဘ၀တွေ […]
Read more of this post
No comments:
Post a Comment