ရန်လင်းအောင် - ပရနိုင်ငံသားများ (မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၁၅ မနေ့တစ်နေ့ကလို သူထွက်သွားပြီးတဲ့နောက် ကိုယ်တို့အဖြစ်ဟာ …….. ပရနိုင်ငံသားတစ်ယောက်လို ကိုယ့်ကိုယ်ကို မရှိဘူးအထင်ခံရလိုက် ရှိတယ်အထင်ခံရလိုက် ၊ ကိုယ့်ကိုယ်ကိုလည်း ရှိတယ်ထင်လိုက် မရှိဘူးထင်လိုက် ။ ကြေကွဲမှုတွေကို ဥသြသံထဲ ထည့်ဆွဲလို့ ။ တိုင်တည်စရာတွေ ပန်းရောင်စုံထဲ ထည့်ခွေလို့ ထောင့်စုံအကျပ်ရိုက်မှုတွေ ကဗျာထဲ ထည့်ရွတ်လို့ မျိုသိပ်ရမှုအလံတွေ တိုင်တစ်ဝက် တလွင့်လွင့်ထူလို့ သူ …….. မြင်ရာ ကြားရာအရပ်က ပြန်ပေးမယ့် သူ့အမျှဝေသံ ကုသိုလ်ထူးမှာ ဒီ နိုင်ငံ  ပြန်ဆယ်နိုင်ကောင်းရဲ့   ။           ။ သို့  /  ဗိုလ်ချုပ် အောင်ဆန်း ရာပြည့် Photo Credit - Artist […]

Read more of this post