ဆောင်းယွန်းလ - တန်ကို မတန်ဘူး (မိုးမခ) ဇန်န၀ါရီ ၆၊ ၂၀၁၅ ရင်ဘတ်ထဲကအတိုင်း စိတ်ကူးအကိုင်းမှာ တီးခတ်လိုက်တဲ့ အသံက ရှတ အက်ကွဲလို့နေပေါ့.. ညနက်တွေ သူ့အတိုင်း ကုန်ဆုံးသွားကြလည်း သန်းခေါင်က အမှောင်နံရံမှာ သူ့အတိုင်း ကပ်ငြိကျန်ရစ်လို့... ကြေမွနေတဲ့ စာရွက်ပေါ်က သတ်ပုံမမှန်သေးတဲ့ ဝေါဟာရတခု ဘယ်သူမှန်အောင် ပြုစုမှာတဲ့လဲ... ငါတို့ကမ္ဘာမှာတော့ အခုအချိန်ထိ တစာစာအ်ာဟစ်နေကြရုံကလွဲလို့ တခြား ဘာမျှမရှိခဲ့သေးပြီ.... မလွတ်လပ်တဲ့ လွတ်လပ်ရေးအတွက် မငြိမ်းချမ်းတဲ့ ငြိမ်းချမ်းရေးအတွက် မတရားတဲ့ တရားမျှတမှုအတွက် အစဉ်အဆက် ခင်ဗျားတို့ အသက်တွေပေးခဲ့ကြရတာ တန်ကိုမတန်ဘူးဗျာ.....။ ။ ဆောင်းယွန်းလ (ဇန်န၀ါရီ ၄ ရက်။ ၂၀၁၅)

Read more of this post