ငြိမ်းချမ်းအေး - 'ရှိန်း' ပြန်လာပါ ဇန်န၀ါရီ ၈၊ ၂၀၁၅ (သည်လေဒီးစ်နယူးစ်) ဒီဆောင်းပါးကတော့ လက်ပံတောင်းက ယာသူမကြီး အရီးမယ်ခင် လိပ်ခွံတောင်မှာပစ်သတ်ခံရချိန်က ရေးခဲ့တာပါ။  အခု တော့ ဦးခေါင်းကို တည့်တည့်ဝင် ဦးနှောက်အလိပ်လိုက်ထွက်စေတဲ့ ကျည်ဆန်ဟာ တရားဝင်ကြောင်း စစ်တပိုင်းအစိုးရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်အစီရင်ခံစာ အကောင်အထည်ဖော်ရေးကော်မီတီဆိုတာက ကြေညာချက် ထုတ်ပြန်ခဲ့လေရဲ့။  အဲဒီကော်မတီကို သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်တယ်၊ အစိုးရအရာရှိကြီးတွေနဲ့ အဓိကဖွဲ့စည်းထားတယ်ဆိုပေမဲ့ အမှတ်မမှားရင် အရပ်သားပညာရှင်တချို့လည်း ပါတယ် ထင်ပါတယ်။ အခုအချိန်ထိ စာ နယ်ဇင်းမှာ သူတို့ထဲက တယောက်ယောက်နဲ့ တိုက်ရိုက်မေးမြန်းတာမျိုး မကြားရသေးဘူး။ လျော်ကြေးငွေ အားလုံးယူပြီးပြီဆိုတဲ့ကိစ္စမျိုးက စာရင်းဇယားနဲ့ ချပြ အလွယ်ကလေးထောက်ပြနိုင်တဲ့ ကိစ္စမျိုးပါ။  စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြုချက် […]

Read more of this post