နီနီမာ - လည်လည်သွားမယ်..လာကြဟေ့ (၃) (မိုးမခ) ဇန်န၀ါရီ ၁၅၊ ၂၀၁၅ ပျူသင်္ချိုင်းတွေက ထွက်လာခဲ့ ပြီ..။ နောက်ထပ်တွေ့ရတာကတော့ ရဟန္တာဂူဘုရားနဲ့  ရဟန္တာကန်တော်တဲ..။ရဟန္တာကန်တော်က ရှေ့ဟောင်းကန်တခုဖြစ်ပြီး အောက်ခြေမှာ ရစ်ခွေတွယ်ပတ်တတ်တဲ့ နွယ်ရှင်တွေ ရှိတယ်လို့ လုံခြုံရေးဝန်ထမ်းကလေးက ပြောပြတယ်...။ရဟန္တာကန်တော်ကနေ လှမ်းမျှော်ကြည့်လိုက်တော့ ဟိုးခပ်ဝေးဝေးက ဘောဘောကြီး ဘုရားကြီိးကို ကြည်ညိုဖွယ်ရာ လှမ်းဖူးရတယ်..။ ဒီမှာဘက်မှာတော့ အ၀င်မုခ်ပေါက်သုံးဖက်ပါတဲ့  ရဟန္တာဂူဘုရားကို တွေ့ ရတယ်..။အဆောက်အဦက ခပ်သေးသေးမို့ အထဲကို ၀င်တော့ ခေါင်းငုံ့ ဝင်ရတယ်..။ အထဲမှာတော့ သရေခေတ္တရာမြို့ ဟောင်းဘက်ကို မျက်နှာမူထားတဲ့  နံရံပေါ်မှာ တန်းလျှက် စံပါယ်နေတဲ့  ရုပ်လုံးကြွ ဗုဒ္ဒဆင်းတုတော် ခုနစ်ဆူကို ကျဉ်းကျဉ်းကျပ်ကျပ် ဖူးတွေ့ ရတယ်..။ […]
Read more of this post
No comments:
Post a Comment