နေ၀န်းနီ(မန္တလေး) မန်းနာရီစင်​ကြီး အချိန်​မှန်​ပါပြီ (မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၁၅ မန္တ​လေး ​ဈေးချိုနာရီစင်​ကြီးဟာ ​ဈေးချို​တော်​ကြီးနဲ့အတူတူ ​ဆောက်​လုပ်​ခဲ့တာမဟုတ်​ပါ။ ဈေးချို​တော်​ကြီးကို​ မြန်​မာ့သက္ကရာဇ်​ ၁၂၆၅ ခုနှစ်​ ၊ အင်္ဂလိပ်​သက္ကရာဇ်​ ၁၉၀၃ ခုနှစ်​မှာ​ဆောက်​လုပ်​ခဲ့ပါတယ်​။ ​ဈေးချို​တော်​ကြီးကို "အုတ်​ကာသွပ်​မိုး" ဆိုပြီး မှတ်​မှတ်​ရရ သ​ကေ​​င်္တပြုထားပါတယ်​။ သို့​ပေမယ့်​ မန္တ​လေးလို့​ပြောလိုက်​ရင်​ တချို့က ​ဈေးချို​တော်​ကြီးနှင့်​ နာရီစင်​ကိုတွဲ၍​ပြေးမြင်​ကြပါတယ်။ တချို့က​တော့ နန်း​တော်​ကြီးနဲ့ကျုံးမြို့ရိုး ၊ တချို့က​ မန္တ​လေး​တောင်​နှင့်​ ​မြွေကြီးနှစ်​​ကောင်​ ၊ တချို့က​တော့ အတုမရှိ​ကျောင်း၊ ​ရွှေ​ကျောင်းကြီး၊ ကုသိုလ်​​တော်​ စသည်​ဖြင့်​ တွဲ၍ မြင်​ကြ​​ပြောကြပါတယ်။ ဈေးချိုနာရီစင်​ကြီးမှာ (၁၈) နှစ်​သမီးကတည်းက ဘုရင်​မဖြစ်​လာတဲ့ အင်္ဂလန်​ဘုရင်​မကြီး ဝိတိုရိယ နန်းသက်​နှစ် (၆၀) ​မြောက်​ စိန်​ရတုသဘင်​ အထိမ်းအမှတ်​ ​အေဒီ […]

Read more of this post