စပယ် - ရကောက် ရထားကြီး ပျော်ပျော်စီး (အပိုင်း သုံး) (မိုးမခ) ဇန်န၀ါရီ ၁၄၊ ၂၀၁၅ "ရင်ခုန်စိတ်လှုပ်ရှားဘွယ်တွေမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေပြီ" ဆိုသော အော်ရီဒူးကြော်ငြာရထားကြီးက တဖက်ရထားလမ်း မှဖြတ်သွားချိန် ကျမရဲ့ဖောက်သည် အပြာကောင်ကြီးက ဒီဖက်ရထားလမ်းမှာ ဆိုက်ကပ်လာသည်။ ပန်းလှိုင်ဘူတာလေးဆီမှ ရထားပေါ် ကျမလှမ်းတက်လိုက်သည်။ *** "ရွှေမှုန်ရတီစုပ်လုံးလေးတွေ ၅၀၊ နားကြပ်တံ ၁ ထုတ် ၁၀၀" "သွားကြားထိုးတံ ၁ ထုတ်ထဲယူရင် ၅၀ ၊ နှစ်ထုတ်ယူရင် ၁၀၀ နဲ့ ပေးမယ်" "ပရုပ်လုံး အလုံးအစိတ်ပါတာက ၅၀၀၊ (ဟိုနားက အပျိုကြီးဝယ်ထားလေ၊)" "မှတ်စုနဲ့ဘောပင် အတွဲလိုက် ၂၀၀၊ မေ့တတ်သူများ ဆောင်ထားနိုင်ပါတယ်။" "၂၄ မျိုးပါတဲ့ အပ်ဗူးအ၀ိုင်းလေး၁ခု ၂၀၀ ပါ။ […]

Read more of this post