မောင်စိုးချိန် - အင်အားကြီးမား ကျိန်စာ ပလူကောင်များ (မိုးမခ) ဇန်န၀ါရီ ၈၊ ၂၀၁၅ (လက်ပံတောင်တောင် မြေယာတိုက်ပွဲထဲမှာ ကျဆုံးသွားသူ လယ်သူမကြီး ဒေါ်ခင်ဝင်းနှင့် ဆက်လက်ချီတက်ဆဲ လူထု အတွက် ဦးညွှတ်ခြင်းကဗျာ) မြေယာ အဟာရအစာ စားစရာထဲမှာ အကောင်းဆုံး အဟောင်းဆုံးအစာ ဦးပိုင်ကျား ခရိုနီကျား ဝမ်ပေါ်နဂါး ပူးပေါင်းစား မြေသားမြေကွက် စားခွက်ထဲက လယ်သမားအရိုး ထိုးထောင်ဝင်စူး ပြူးတူးပြဲထဲ နင်နေဆဲမှာ တိုက်ပွဲအသစ် သမိုင်းခေတ် ထွန်းသစ်လာခဲ့ပါရောလား။ လယ်မြေယာမြေ မြေကွက် သွေးစီး မြေကြီးလှိုင်းထ မြေစားဓါးမြတွေ ပြန်ကြ ထွက်သွား ကြိမ်းဝါးမောင်းထုတ် တိုက်ပွဲစ။ လူထုတိုက်ပွဲ ကျိန်ဆဲ လယ်သမားများစွာ ကျိန်စာ တိုက်ကြ ဦးပိုင်စနစ် ဖျက်သိမ်းပစ် ဦးပိုင်ကျား မကြားလိုတော့ ထွက်သွားတော့။ […]
Read more of this post
No comments:
Post a Comment