နီနီမာ - လည်လည်သွားမယ်...လာကြဟေ့ (၂) (မိုးမခ) ဇန်န၀ါရီ ၅၊ ၂၀၁၅ …. သရေခေတ္တရာပျူမြို့ ဟောင်းမှာ မြို့ ဝင်ပေါက်တံခါးကြီး (၃၂)ပေါက်နဲ့  တံခါးငယ် (၃၃)ပေါက် ရှိတယ်လို့ သမိုင်းဆရာတွေ ရေးထားတာဖတ်ဖူးတယ်..။ တကယ်တော့ သမိုင်းသုတေသီတွေရဲ့  ရှာဖွေ မှန်းဆချက်တွေကလည်း အသစ်အသစ်တွေ့ ရှိချက်တွေနဲ့ ..အမြဲရှင်သန်ပြောင်းလည်းနေတာမျိုးကိုး..။ဘာပဲဖြစ်ဖြစ် သရေခေတ္တရာပျူမြို့ ဟောင်းရဲ့  သမိုင်းကတော့ တုတ်ထမ်းပြီး ပြောရတယ်ဆိုတဲ့  ပုဂံရာဇ၀င်ထက် ရှေးပိုကျတော့.. ပိုပြီးအငြင်းပွါးစရာမှန်းဆချက်တွေ..ဒဏ္ဍာရီတွေလဲ များမှများပေါ့..။… ခုလို..လက်တွေ့ တူးဖော်ရထားတဲ့  အထောက်အထားတွေ.. ယဉ်ကျေးမှုပစ္စည်းတွေကတော့ အိုးခြမ်းပဲ့ ကလေးတခုကစပြီး တန်ဖိုးမဖြတ်နိုင်အောင်.. စိတ်ဝင်စားစရာကောင်းလိုက်တာနော်..။ ဒါပေမဲ့ …အခုလက်ရှိတော့ မြို့ တံခါးက (၉)ခုပဲ တူးဖော်လို့ တွေ့ သေးတယ်တဲ့ ..။အခုတို့မြင်နေရတဲ့  လုလင်ကျော်တံခါးပေါက်ဆိုရင်လဲ တူးလက်စမို့ မြို့ ကွက်ထဲအထိ ၀င်နိုင်အောင် လမ်းမပေါက်သေးဘူး..။ကဲ..ဒါဆိုလဲ မြို့ ရိုးအပြင်က မြေနီလမ်းရိုးလေးအတိုင်း ပတ်ပြီး ဆက်သွားကြည့်ကြတာပေါ့…။ ဟော…ရှေ့ မှာ သွပ်မိုးထားတဲ့  အဆောက်အဦးကြီးတခုပါလား..။ဝင်ကြည့်ကြစို့..။အဆောက်အဦရဲ့ ရှေ့ မှာ မြေပုံကားချပ်ရှိတယ်..။ဖတ်ကြည့်လိုက်ဦးမှ..။ အော်…တို့ရောက်နေတာ..ကုန်းအမှတ်(၅၃)တဲ့ ..။ ပျူသင်္ချ […]
Read more of this post
No comments:
Post a Comment