မေငြိမ်း - "အဆုံးသတ်မရေးနိုင်တဲ့ ၀မ်းနည်းစာ..." (သူ့ဖေစ့်ဘွတ်) နိုဝင်ဘာ ၆၊ ၂၀၁၄ ပါကြီး သေရတာနဲ့ ပတ်သက်ပြီး လူတော်တော်များများ စိတ်မကောင်းဖြစ်ကြ ဒေါသဖြစ်ကြတာမို့ လုံလောက်ပြီရယ်လို့ ကျမ တိတ်တိတ်လေးပဲ စိတ်ထိခိုက်နေခဲ့ပါတယ်။ ပါကြီးနဲ့ ကျမ လွန်ခဲ့တဲ့ ၇နှစ် လောက်တုန်းက မဲဆောက်မှာ စတွေ့ဖူးခဲ့ပါတယ်။ အဲဒီတုန်းက ပါကြီးက ကျမကို လာနှုတ်ဆက်တာ.. 'အစ်မ ကျနော် ပါကြီး ပါ.. အောင်စည် နဲ့ ခြံထဲမှာ အတူတူနေခဲ့တာ' တဲ့။ အောင်စည် ဆိုတာက ကျမရဲ့ တစ်ဦးတည်းသော မောင်လေးပါ။ မောင်နှမ ၅ယောက် ရှိတဲ့အထဲ တစ်ယောက်တည်း ရှားရှား ပါးပါး ပါတဲ့ မောင်လေးဖြစ်တဲ့အပြင် သူက မောင်နှမထဲမှာ နံပါတ်လေးမို့ ကျမ […]

Read more of this post