မင်းညွှန့်လှိုင် - သေချာတဲ့ကဗျာ နိုဝင်ဘာ ၆၊ ၂၀၁၄ မိုးကြီးရွာမလား .... မီးကြီးလောင်မလား .... တောင်ကြီးပြိုမလား .... မြစ်ကြီးကောမလား ... စစ်ကြီးဖြစ်မလား .... ခေတ်ကြီးပျက်မလား .... ဘေးအထွေထွေမှာ ဘာမှမရေရာ ဘာမှမမြဲ တံစက်မြိတ်က မိုးရေစက်လို တဲတဲလေးမှ တဲတဲလေးရယ် သေချာတာတခုတော့ရှိတယ် အရာရာ အကောင်းပကတိပြန်ရဖို့ ငါတို့ရဲ့ချစ်မေတ္တာ စင်္ကြာဝဠာရဲ့ဝင်ရိုးသဖွယ် ဒါဟာ သိပ်ကိုသေချာတယ်။       ။

Read more of this post